Skip to Content

6L- S1- Accountant, Sr

Yangon, Myanmar

Senior Accountant 

English Version

Job Description (JD):

  • Oversee the month-end and year-end closing processes, ensuring accurate and timely financial reporting.

  • Analyze financial data, investigate variances, and provide detailed commentary on financial trends to management.

  • Supervise, review, and mentor junior accounting staff to ensure accuracy in their daily ledger entries.

  • Manage corporate tax compliance, monthly statutory filings (commercial tax, income tax), and coordinate with external auditors.

  • Evaluate, implement, and maintain internal control procedures to safeguard company assets and streamline workflows.

Job Requirements (JR):

  • Bachelor’s degree in Commerce/Accounting; partly qualified ACCA, CPA, or an advanced degree is highly preferred.

  • Minimum 3–5 years of progressive accounting experience, with at least 1 year in a senior or supervisory capacity.

  • Advanced proficiency in ERP financial modules and advanced Microsoft Excel (Pivot tables, VLOOKUP, financial modeling).

  • Deep understanding of International Financial Reporting Standards (IFRS) and local tax frameworks.

  • Strong leadership, effective communication, and exceptional problem-solving skills.

Myanmar Version

လုပ်ဆောင်ရမည့်တာဝန်များ (JD):

  • လချုပ်/နှစ်ချုပ် စာရင်းပိတ်ခြင်းလုပ်ငန်းစဉ်များကို အနီးကပ်ကြီးကြပ်ပြီး ဘဏ္ဍာရေးအစီရင်ခံစာများ အချိန်မှန်၊ တိကျစွာ ထွက်ပေါ်လာစေရန် ဆောင်ရွက်ရန်။

  • ဘဏ္ဍာရေးအချက်အလက်များကို ဆန်းစစ်ရန်၊ စာရင်းကွဲလွဲမှုများကို စုံစမ်းစစ်ဆေးရန်နှင့် ဘဏ္ဍာရေးအခြေအနေများကို စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြဆွေးနွေးရန်။

  • အငယ်တန်းစာရင်းကိုင်များ (Junior Accountants) ၏ နေ့စဉ်စာရင်းသွင်းမှုများကို ပြန်လည်စစ်ဆေးပြီး လမ်းညွှန်ပြသပေးရန်။

  • ကုမ္ပဏီ၏ လစဉ်အခွန်ပေးဆောင်မှုများ (ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်) ကို စနစ်တကျ စီမံခန့်ခွဲရန်နှင့် ပြင်ပအော်ဒစ် (External Audit) အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်။

  • ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် လုပ်ငန်းခွင်အဆင်ပြေချောမွေ့စေရန်အတွက် အတွင်းပိုင်းထိန်းချုပ်မှုစနစ် (Internal Controls) များကို အကဲဖြတ်၊ အကောင်အထည်ဖော်ရန်။

အရည်အချင်းသတ်မှတ်ချက် (JR):

  • B.Com/B.B.A (Accounting) ဘွဲ့ရရှိထားသူဖြစ်ရမည် (ACCA, CPA တက်ရောက်နေသူ သို့မဟုတ် အဆင့်မြင့်ဘွဲ့ရရှိသူများကို ဦးစားပေးမည်)။

  • စာရင်းကိုင်နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၃) နှစ်မှ (၅) နှစ်အထိရှိပြီး၊ Senior အဆင့်ဖြင့် အနည်းဆုံး (၁) နှစ် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။

  • ERP Financial စနစ်များနှင့် Microsoft Excel အဆင့်မြင့် Function များ (Pivot tables, VLOOKUP, Financial modeling) ကို ကောင်းမွန်စွာ ကျွမ်းကျင်ရမည်။

  • နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံနှုန်းများ (IFRS) နှင့် ပြည်တွင်း အခွန်ဥပဒေများကို ထက်မြက်စွာ နားလည်သဘောပေါက်ရမည်။

  • ကောင်းမွန်သော ဦးဆောင်မှုစွမ်းရည်၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်နှင့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်စွမ်း ရှိရမည်။