6L- S3- Jr Accountant
Yangon,
Myanmar
Accountant (စာရင်းကိုင်)
English Version
Job Description (JD):
Perform daily bookkeeping by accurately recording all cash, petty cash, and bank transactions.
Verify invoices, receipts, and vouchers to ensure proper coding, approvals, and compliance with company policies.
Assist in the preparation of monthly financial statements, balance sheets, and cash flow forecasts.
Perform regular reconciliations of bank accounts, general ledger accounts, and accounts payable/receivable.
Organize and maintain proper physical and digital filing systems for all financial documentation and audit trails.
Job Requirements (JR):
Bachelor’s degree in Accounting, Finance, or a related field (LCCI Level 3 certification is highly preferred).
Minimum 1–2 years of accounting experience in a professional business environment.
Proficiency in accounting software (such as Odoo, SAP, or QuickBooks) and strong intermediate Excel skills.
Good understanding of fundamental accounting principles and local tax regulations.
Strong attention to detail, high analytical ability, and honest work ethic.
Myanmar Version
လုပ်ဆောင်ရမည့်တာဝန်များ (JD):
နေ့စဉ် ငွေသားစာရင်း (Main Cash)၊ လက်ကျန်ငွေအသေးစားစာရင်း (Petty Cash) နှင့် ဘဏ်စာရင်း အဝင်/အထွက်များကို တိကျစွာ မှတ်တမ်းတင် စာရင်းသွင်းရန်။
ကုန်ကျစရိတ်ဘောက်ချာများ၊ ပြေစာများနှင့် အထောက်အထားများကို ကုမ္ပဏီမူဝါဒများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးအတည်ပြုရန်။
လစဉ် ဘဏ္ဍာရေးရှင်းတမ်းများ၊ လက်ကျန်ရှင်းတမ်း (Balance Sheet) များနှင့် ငွေသားစီးဆင်းမှု (Cash Flow) ခန့်မှန်းချက်များ ပြုစုရာတွင် ကူညီပေးရန်။
ဘဏ်စာရင်းများ၊ General Ledger (GL) အကောင့်များနှင့် ပေးရန်ရှိ/ရရန်ရှိ စာရင်းများကို ပုံမှန် တိုက်ဆိုင်စစ်ဆေးရန် (Reconciliation)။
ဘဏ္ဍာရေးစာရွက်စာတမ်းများနှင့် အော်ဒစ်အထောက်အထားများကို ဖိုင်တွဲစနစ်တကျ (Digital နှင့် Physical) ထိန်းသိမ်းသိမ်းဆည်းရန်။
အရည်အချင်းသတ်မှတ်ချက် (JR):
မဟာဘွဲ့/ဘွဲ့ရ (Accounting, Finance) သို့မဟုတ် ဆက်စပ်ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည် (LCCI Level 3 အောင်မြင်ထားသူ ဦးစားပေးမည်)။
စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်မှ (၂) နှစ်အထိ ရှိရမည်။
စာရင်းကိုင်ဆော့ဖ်ဝဲလ်များ (Odoo, SAP, QuickBooks စသည်) နှင့် Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
အခြေခံ စာရင်းကိုင်သဘောတရားများနှင့် ဒေသတွင်း အခွန်စည်းကြပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်ရမည်။
အလုပ်အပေါ် ရိုးသားကြိုးစားပြီး အချက်အလက်များအပေါ် အသေးစိတ် စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။